ဇော်မင်းထွန်းရဲ့ အပြောင်းအရွှေ့အတွက် ဆူဖန်ဘူရီနဲ့ ရန်ကုန်ယူနိုက်တက် သဘောတူညီမှုရရှိ
- apexdeveloper2017
- Jan 5, 2018
- 1 min read
မန်မာ့လက်ရွေးစင် နောက်ခံလူ ဇော်မင်းထွန်းအတွက် ထိုင်းလိဂ်(၁)ကလပ် ဆူဖန်ဘူရီအသင်းရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံပေးနိုင်ဖို့ အတွက် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ညှိနှိုင်းဆောင်ရွက် မှုများ ပြုလုပ်ပေးခဲ့ပါတယ်။
မူလက ဇော်မင်းထွန်းကို ကစားသမားအခက်အခဲကြောင့် ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ လက်မလွှတ်စေဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း ယခု အခါ နှစ်ဖက် ညှိနှိုင်းမှုများ ပြုလုပ်အပြီး ထွက်ခွာခွင့်ပြုဖို့ သဘောတူလိုပြီလို့ အသင်းမီဒီယာ တာဝန်ခံ ကိုမျိုးမြင့်သောင်းက ပြောပါတယ်။
"သူတို့ဖက်က ညှိုနှိုင်းမှုတွေ ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် ကျွန်တော်တို့ ညှိနှိုင်းပေးခဲ့ပါတယ်။လက်ရှိမှာ အပြောင်းအရွှေ့အတွက် လည်း အကုန်လုံးကို သဘောတူညီမှု ပေးပြီးပါပြီ။ဒါပေမယ့် တရားဝင်ခေါ်ယူနိုင်ဖို့တော့ အကြောင်းကြားလာခြင်းမရှိသေးပါဘူး။လက်ရှိမှာတော့ အပြောင်းအရွှေ့အတွက် ညှိနှိုင်းမှုတွေ အားလုံးကိုတော့ ရန်ကုန်ယူနိုက်တက်အသင်းဖက်က သဘောတူညီမှု ပြုထားပေးပြီးပါပြီ။" လို့ ကိုမျိုးမြင့် သောင်းက DuwunSports ကို ထုတ်ဖော်ပြောခဲ့ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ဇော်မင်းထွန်းရဲ့ အပြောင်းအရွှေ့ကို သဘောတူညီနိုင်ဖို့အတွက် ယခုနှစ်ရာသီ MPT Myanmar National League မှာ ကစားသမားစာရင်းတင်သွင်းမှုကိုတောင် ပြုလုပ်ပေးထားခြင်း မရှိဘူးလို့လည်းသိရပါတယ်။
ထိုင်းကလပ် ဆူဖန်ဘူရီအသင်းအနေနဲ့လည်း ယခုရက်ပိုင်းအတွက် ကစားသမားခေါ်ယူဖို့ အကြောင်းကြားလာမယ်လို့ သိထားရပြီး ဇော်မင်းထွန်းရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့အတွက် ဆူဖန်ဘူရီအသင်းဖက်က နောက်ဆုံးအဆင့် အကြောင်းကြားစာ ပေးပို့ပြီး စာချုပ်ချုပ်ဆို ခေါ်ယူဖို့ပဲ ကျန်ပါတော့တယ်။
ဇော်မင်းထွန်းအနေနဲ့ ထိုင်းလိဂ်(၁)ကို သွားရောက်ကစားဖြစ်ပါက ယခုနှစ် ဘောလုံးရာသီမှာ ထိုင်းလိဂ်ကို သွားကစားမယ့် ၇ ယောက်မြောက် မြန်မာလူမျိုးကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။
အကြောင်းကတော့ မနေ့ကနံနက်ပိုင်းကပင် မနှစ်က စင်ကာပူလိဂ်မှာသွားရောက်ကစားခဲ့တဲ့ ဧရာဝတီကစားသမား အောင်ကျော်နိုင်မှာ ထိုင်းက လပ် နာရာ ယူနိုက်တက်အသင်းနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့လို့ ဖြစ်ပါတယ်။
Source: Duwun Sports

댓글