top of page

KBZ Bank Women League 2017/18 ရာသီဖွင့်ပွဲ အခမ်းအနား အောင်ဆန်းကွင်းတွင် ပြုလုပ်မည်

  • apexdeveloper2017
  • Dec 29, 2017
  • 1 min read

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ်ကော်မတီမှ ကြီးမှူး၍ KBZ Bank မှအဓိက ပံ့ပိုးထားသည့် KBZ Bank Women League 2017/18 အမျိုးသမီးလိဂ် ပြိုင်ပွဲ ရာသီသစ်ဖွင့်ပွဲအခမ်းအနားကို လာမည့် ဒီင်္ဇင်ဘာလ ၂၇ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၃း၀၀ နာရီတွင် အောင်ဆန်းကွင်း၌ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ဖွင့်ပွဲမစမီ ဖြိုးကြီး အားတီ ပိုပို ဂျင်းနီ ကာကာ နှင့် Famous Dancer အဖွဲ့မှ ပရိသတ်များအား ဖျော်ဖြေသွားမည်ဖြစ်သည်။

KBZ Bank Women League 2017/18 အဖွင့်ပွဲအဖြစ် သစ္စာအားမန် အသင်းနှင့် မြဝတီ အက်ဖ်စီ အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ KBZ Bank Women League 2017/18 ဖွင့်ပွဲနှင့် ပွဲစဉ်များအားလုံး ဝင်ကြေးအခမဲ့ဖြင့် အောင်ဆန်းကွင်းတွင် လာရောက်အားပေးနိုင်ပါသည်။

 
 
 

Commentaires


bottom of page