ခြေရည်တူ သရေ တစ်မှတ်စီ ခွဲယူခဲ့ကြသည့် သစ္စာအားမာန်နှင့် မြဝတီအသင်းတို့ပွဲစဉ်
- apexdeveloper2017
- Dec 29, 2017
- 1 min read

KBZ Bank Women's League 2017-2018 အဖွင့်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ မြဝတီအသင်းနှင့် ဒုတိယနေရာမှ သစ္စာအားမာန်အသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာလ ၂၇ရက်နေ့ ၊ အောင်ဆန်းအားကစားကွင်း ၊ ညနေ ၃နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပွဲစဉ်တစ်လျောက် တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်တိုက်စစ်ဆင်နေခဲ့ပြီး ပွဲချိန်၆၈မိနစ်တွင် ရူပါခိုင်၏ ပေးပို့မှုမှတစ်ဆင့် မြဝတီအသင်းတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း ပိုင်နိုင်စွာပိတ်သွင်းခဲ့ပြီး မြဝတီအသင်း အဖွင့်ဂိုးရရှိခဲ့သည်။ ဦးဆောင်ဂိုး ခွင့်ပြုပြီးနောက် သစ္စာအားမာန်အသင်းတိုက်စစ်မြှင့်ကာ ထိုးဖောက်ခဲ့ပြီး ခင်မိုမိုထွန်၊ နီလာမြင့်၊ နီလာဝင်း၊ သန္တာမိုး၊၊ ခင်မိုးဝေ၊ နော်အားလိုဝါးဖော တိုက်စစ်အားသန်ကစားသမားများဖြင့် ဖိအားပေးကစားခဲ့သည်။ ပွဲချိန် ၈၄မိနစ်တွင် ဘယ်ဝန်းမှ နော်အားလိုဝါဖော ဂိုးဧရိယာအတွင်းထိဆွဲဝင်လာခဲ့ပြီး ဂိုးသမားနှင့် တစ်ဦးချင်းအပိုင်ကန်သွင်းကာ သစ္စာအားမာန်အသင်းအတွက် အဖိုးတန်ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ပွဲပြီးဆုံးသည်အထိ တစ်ဖက်နှင့်တစ်ဖက် ဆက်လက် ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် (၁-၁) ဂိုးဖြင့်ပြီးဆုံးခဲ့သည်။
Opmerkingen